Saturday, March 13, 2010

မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အတွက်

No comments
အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး
ပြန်ရှဲလိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလော့ နံမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နဲရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က
လိပ်စာအတိုင်းရိုက် ထဲ့လိုက်ရင် သင်ရေးခဲ့ သမျှ
ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save
လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll
ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့
ဘလော့ဂါတယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တခါထဲ ဖတ်ချင်ရင်လဲ အပေါ်က
လင့်မှာ မိမိဖတ် မဲ့ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေသီးသန့် save ဖို့ အောက်က လင့်ကို သွားပါ။
http://blogname.blogspot.com/feeds/posts/default?max-
results=1000
XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့
http://blogname.blogspot.com/feeds/comments/default?max-
results=1000
ဖြစ်ပါတယ်။

No comments :

Post a Comment